ကိုဗစ်-၁၉ ကိစ္စရပ်များဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် သဲကုန်းမြို့နယ်ကျန်းမာရေးဦးစီးဌာနသို့ လှူဒါန်းငွေများပေးအပ်

ပဲခူး  ၁   ဧပြီ

 

ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားလျှက်ရှိသော ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်မှုရောဂါ ထိန်းချုပ်ကုသရေး ဆောင်ရွက်ရာတွင် မြို့နယ်သမဝါယမ မိသားစုမှ မတ်လ(၃၁)ရက် မွန်းလွဲပိုင်းက ကျန်းမာရေး ဦးစီးဌာနသို့ ထောက်ပံ့ငွေများ ပေးအပ်ကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်မှုရောဂါအတွက် တိုင်းဒေသကြီးပြည်နယ်အသီးသီးမှ ကာကွယ်ရေး အစီအစဉ်များကို WHO ၏စံချိန်စံညွှန်းများနှင့်အညီ ချမှတ်ဆောင်ရွက်လျှက်ရှိရာ ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ် သမဝါယမအသင်းမိသားစုမှ မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ကုသရေး ဆောင်ရွက်ရာတွင် အထွေထွေအသုံးပြုနိုင်ရန်အတွက် အလှူငွေနှစ်သိန်းကျပ်အား ပါဝင်လှူဒါန်းပေးကြောင်း သိရသည်။

 

တိုင်းဒေသကြီးပြန်/ဆက်