ကိုဗစ်-၁၉ ကာလအတွင်း လိုင်လင်းပီမြို့၌ လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ ရှောင်တခင်စစ်ဆေး

လိုင်လင်းပီ ၇ ဇူလိုင်

 

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ လိုင်လင်းပီမြို့တွင်းရှိ လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များ ကိုဗစ်-၁၉ ကာလအတွင်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိကို မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းမှစ၍ ရှောင်တခင်စစ်ဆေးကြသည်။

 

“ကျွန်တော်တို့ ခုလိုစစ်ဆေးရခြင်း ရည်ရွယ်ချက်တော့ လက်ဖက်ရည်ဆိုင်တွေနှင့် စားသောက်ဆိုင်တွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးရခြင်းဖြစ်ပါတယ်။ ရောင်းချတဲ့အခါမှာလည်း ပါဆယ်စနစ်နှင့် ရောင်းချဖို့၊ လက်ဆေးစင်တွေ ထားပေးဖို့နှင့် Mask တပ်ပြီးမှ ရာင်းချဖို့ အဓိကထားပြီး မှာကြားခဲ့ပါတယ်” ဟု လိုင်လင်းပီမြို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိမှ ပြောသည်။

 

“ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ သတိပေးချက်အတိုင်း လိုက်နာဆောင်ရွက်မှုမရှိတဲ့ လက်ဖက်ရည်ဆိုင်တွေနှင့် စားသောက်ဆိုင်တွေကို ဥဒေအရ ထိရောက်စွာ အရေးယူသွားမှာဖြစ်ပါတယ်” ဟု ၎င်းမှ ဆက်လက်ပြောကြားသည်။

 

ရှောင်တခင်စစ်ဆေးရာ၌ သက်ဆိုင်ရာတာဝန်ရှိသူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့် ဒေသန္တရအမိန့်များကို အလေးထားလိုက်နာ ဆောင်ရွက်သွားကြရန်နှင့် ယနေ့ စစ်ဆေးမှု၌ လိုင်လင်းပီမြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင် (၉)ဆိုင်နှင့် စားသောက်ဆိုင်များကို စစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

ယာကမ် (ပြန်/ဆက်)