ကိုဗစ်- ၁၉ ကာကွယ်ဆေးဝယ်ယူရန် ပန်းတနော်မြို့ရှိ ပြည်သူများပါဝင်လှူဒါန်းမှု သိန်း၂၃၀ ခန့်  ရရှိ

ပန်းတနော်၊ ၂၆   ဇန်နဝါရီ

နိုင်ငံတော်အစိုးရမှ ကိုဗစ်- ၁၉ ကာကွယ်ဆေး ဝယ်ယူရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ရှိ ပြည်သူများ၏ ပါဝင်လှူဒါန်းရရှိမှု စုစုပေါင်း ငွေကျပ် သိန်း ၂၃၀ ခန့် အထိ အလှူငွေ ရရှိထားကြောင်း သိရသည်။

ကိုဗစ်- ၁၉ ကာကွယ်ဆေးဝယ်ယူရန်အတွက် ပန်းတနော်မြို့နယ်ရှိ လူမှုရေးပရဟိတ အဖွဲ့အစည်းများ စုပေါင်း၍ မြို့ပေါ် ရပ်ကွက်များတွင် အလှူငွေများလိုက်လံ အလှူခံလျှက်ရှိရာ ဇန်နဝါရီလ ၂၅ ရက်နေ့အထိ ပြည်သူများမှ ပါဝင်လှူဒါန်းမှု စုစုပေါင်း သိန်း ၂၃၀ ခန့် အထိ လက်ခံရရှိထားကြောင်း သိရသည်။

ဆက်လက်၍ ​ရပ်ကွက် ကျေးရွာများတွင် လိုက်လံအလှူခံ သွားမည်ဖြစ်ပြီး အလှုရှင်များအနေဖြင့် မိမိတို့ စိတ်ဆန္ဒရှိသည့်အတိုင်း သဒ္ဓါတတ်အား နည်းများမဆိုပါဝင်၍ လှူဒါန်းနိုင်ပါကြောင်း ကိုဗစ်- ၁၉ ကာကွယ်ဆေးဝယ်ယူရန် အလှူငွေကောက်ခံရာတွင် ပါဝင်ဆောင်ရွက်နေသော အဖြူရောင် သူငယ်ချင်းများ လူမှု​ရေးပရဟိတအဖွဲ့ ကိုသက်ပိုင် ထံမှ သိရသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)