ကိုဗစ်-၁၉ ကာကွယ်ဆေးများ တာချီလိတ်မြို့သို့ ကမ္ဘောဇလေကြောင်းဖြင့် ရောက်ရှိ

တာချီလိတ် ၊ ၂၆  ဇန်နဝါရီ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပေးပို့လာသော ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဇန်နဝါရီ ၂၆ ရက် မွန်းလွဲပိုင်းက ကမ္ဘောဇ လေကြောင်းဖြင့် ရောက်ရှိလာသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးကို တာချီလိတ်ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် ကော်မတီဝင်များက လက်ခံခဲ့ကြသည်။

ပေးပို့လာသော ကာကွယ်ဆေးမှာ အလုံးရေ ၃၉ လုံးဖြစ်ပြီး  တာချီလိတ်မြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများကို ဇန်နဝါရီ ၂၇ ရက်တွင် စတင်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်ထံမှ သိရသည်။

ယာဆေး(ပြန်/ဆက်)