ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ၃ ဒသမ ၅ ပေခန့် ဆက်လက်ရေကျော်

mdn

ပွင့်ဖြူ        စက်တင်ဘာ        ၁၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုရက်ပိုင်း နေ့စဉ် မိုးရွာသွန်းမှုကြောင့် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ၃ ဒသမ ၅ ပေခန့် ဆက်လက် ရေကျော်ကျလျက်ရှိကြောင်း စက်တင်ဘာ ၁၉ ရက် နံနက် ၆ နာရီ တိုင်းထွာချက် အရ သိရသည်။ တမံရေပြည့်မှတ်မှာ ပေ ၃၄၀ ဖြစ်ကြောင်း ကြီးအုံကြီးဝတမံ တာဝန်ခံ(AE) ဦးစိုးတင့်ထံမှ သိရသည်။

“တမံရေဝင်ရောက်အခြေအနေနဲ့ တမံရဲ့ကြံ့ခိုင်မှုတွေကို နေ့စဉ်မပြတ် စောင့်ကြည့်နေပါတယ်။ ယခုလက်ရှိ တမံရေပိုလွှဲမှ ရေကျော်ကျမှုဟာ စိုးရိမ်ဖွယ်ရာအခြေအနေ မရှိပါဘူး။ ဒေသခံပြည်သူတွေကိုလည်း တမံရေဝင်ရောက်မှု အခြေအနေနဲ့ ရေပိုလွှဲကနေ ရေကျော်ကျမှုတွေကို နေ့စဉ် အသိပေး နှိုးဆော်လျက် ရှိပါတယ်” ဟု တမံ တာဝန်ခံ (AE) ဦးစိုးတင့် က ပြောပြသည်။

ရဲဝင်းနိုင်(ညောင်ဦး)