ခရုကထွက်လာတဲ့ အကျိအချွဲတွေနဲ့ ဝင်ငွေတိုးနေတဲ့ ထိုင်းလယ်သမားများ 

၂၂ ဇူလိုင်


ထိုင်းနိုင်ငံအလယ်ပိုင်း နေခွန်နယော့မှာ ခရုက ထွက်လာတဲ့ အကျိအချွဲတွေ ဝယ်နေတဲ့ ခရုမွေးမြူရေးစခန်းတစ်ခုရှိပါတယ်။ အဲဒီစခန်းရှိ ဖရုံသီးနဲ့ သခွားသီးထည့်ထားတဲ့ ပုဂံပြားတစ်ချပ်ပေါ်မှာ ခရုကြီးတွေ သွားလာလှုပ်ရှားနေတာကို တွေ့ရပါတယ်။ ခရုတွေက အော်ဂန်းနစ် အစားစာတွေစားနေပြီး ခရုတွေကနေ ထွက်လာမယ့် အကျိအချွဲတွေဟာ မိတ်ကပ်ထုတ်လုပ်ရေး ကုမ္ပဏီတွေအတွက် ရွှေထက်တန်ဖိုးကြီးတဲ့ ကော်လဂျင်အပြည့်ပါတဲ့ အရည်တွေဖြစ်နေပါတယ်။ 

 

1


စပါးစိုက်တဲ့ လယ်သမားတွေအတွက် ခရုတွေဟာ စပါးသီးတွေကို ကိုက်ဖြတ်စားသုံးတဲ့အတွက် လယ်သမားတွေဟာ ခရုတွေဖမ်းပြီး လမ်းမပေါ် ပစ်တာမျိုးနဲ့ မြစ်ထဲကို ပစ်ချတာမျိုးတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ အခုတော့ လယ်သမားတွေက ခရုတွေဖမ်းပြီး တစ်နိုင်တစ်ပိုင် ခရုမွေးမြူရေးထားတဲ့ ကျောင်းဆရာမဆီကို ရောင်းချပြီး အပိုဝင်ငွေ ရရှိကြပါတယ်။ 

 

2


ခရု အကောင်တစ်ထောင်ကို မွေးမြူထားတဲ့ ကျောင်းဆရာမကလည်း တစ်လကို  အမေရိကန်ဒေါ်လာ ၃၂၀ ကနေ ၆၅၀ အထိ အပိုဝင်ငွေ ရပါတယ်။ 


ခရုပေါ်ကို ရေစက်ချပြီး အကျိအချွဲတွေကို စုဆောင်းရပါတယ်။ အဲဒီအကျိအချွဲတွေကို ထိုင်းနိုင်ငံအခြေအစိုက် Aden International မိတ်ကပ်ကုမ္ပဏီကို ရောင်းချပြီး အဲဒီကုမ္ပဏီက ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတွေကို ပြန်လည်ပို့ဆောင်ပေးကြောင်း သိရပါတယ်။ ခရုအကျိအချွဲ ရောင်းချတဲ့လုပ်ငန်းကို လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက စတင်ခဲ့ကြောင်း သိရပါတယ်။ ခရုအကျိအချွဲ တစ်ကီလိုဂရမ်းကို အမေရိကန်ဒေါ်လာ ၅၈၂၀ဝ ပေးရပြီး ရွှေတစ်ကီလိုဂရမ်ကတော့ အမေရိကန်ဒေါ်လာ ၄၆၃၀ဝ သာပေးရတာကို တွေ့ရပါတယ်။

 

3

 
ခရုမွေးမြူရေးစခန်းတွေက ခရု တစ်ကီလိုဂရမ်ကို တစ်ဒေါ်လာ နီးပါးပေးပြီး ဝယ်ယူကြပါတယ်။ တရုတ်နိုင်ငံက ခရုအကျိအချွဲက နေ့စဉ်ထုတ်လုပ်တာဖြစ်တဲ့အတွက် တစ်ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၂၆၀ဝ၀ သာပေးရပြီး ထိုင်းနိုင်ငံ ခရုအကျိအချွဲကတော့ သီတင်းပတ် သုံးပတ်မှ တခါထုတ်လုပ်တဲ့အတွက် အခုလို ဈေးကောင်းရတာလို့ သိရပါတယ်။


MDN 


ကိုးကား -AFP

 

4