ခန္တီးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများကို ငွေကျပ် ၁၅၀ဝ၀ နှုန်းဖြင့် ထောက်ပံ့

ခန္တီး  ၁  ဇူလိုင် 

 

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ကိုဗစ်-၁၉ ကာလ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပုံမှန် ဝင်ငွေမရှိသော အိမ်ထောင်စုများကို ယမန်နေ့ ညနေ ၃ နာရီက ခန္တီးမြို့ပေါ်ရပ်ကွက်ရှိ အိမ်ထောင်စုများကို တစ်အိမ်ထောင်လျှင် ငွေကျပ်တစ်သောင်းခွဲနှုန်းဖြင့် အိမ်တိုင်ရာရောက် တာဝန်ရှိသူများက ထောက်ပံ့ပေးသည်။

 

ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများကို ငွေကျပ် ၁၅၀ဝ၀ နှုန်းဖြင့် ထောက်ပံ့ခြင်းကို မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်း၊ ပေါမိုင်းရပ်ကွက်ဦးစိန်မင်း၊ မြို့ပေါ်စာရေးနှင့်တာဝန်ရှိသူများက သွားရောက် ထောက်ပံ့ပေးခဲ့သည်။ ဆက်လက်၍ ထောက်ပံ့ရန်ကျန်နေသည့် မြို့ပေါ်ရပ်ကွက် အိမ်ထောင်စုများနှင့် ခန္တီးမြို့နယ်အတွင်းရှိကျေးရွာများကိုလည်း ဆက်လက်ထောက်ပံ့သွားမည် ဖြစ်သည်။

 

ငွေကျပ် တစ်သောင်းခွဲ နှုန်းဖြင့်ထောက်ပံ့မည့် ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုမှာ ခန္တီးမြို့နယ်တွင် ၇၃၅ အိမ်ထောင်စုနှင့် ဟုမ္မလင်းမြို့နယ်တွင် ၄၈၁၀ အိမ်ထောင်စုရှိကြောင်း ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။

 

စနေမောင်(ခန္တီး)