ခင်ဦးမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ(HPV) ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

ခင်ဦး ၂၀ အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ(HPV) ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို အောက်တိုဘာလ ၂၀ ရက်နေ့က မြို့နယ်အတွင်းရှိ ကျန်းမာရေးဌာနများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ သားအိမ်ခေါင်းကင်ဆာ(HPV) ကာကွယ်ဆေးထိုးနှံရာတွင် ခင်ဦးမြို့နယ်အတွင်းရှိ (၉) နှစ်မှ (၁၀) နှစ် အထိ မိန်းကလေး (၁၃၉၄) ဦး ထိုးနှံပေးရန်လျာထားပြီး ယခုကာကွယ်ဆေးထိုးနှံရာတွင် အသက်မပြည့်သေးသော မိန်းကလေးများကို နောက်နှစ်တွင် သားအိမ်ခေါင်းကင်ဆာ(HPV) ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ထပ်မံထည့်သွင်း ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ ယခု(HPV)ကာကွယ်ဆေးကို နှစ်ကြိမ်ထိုးနှံပေးသွားမှာ ဖြစ်ပြီး ပထမအကြိမ်နှင့် ဒုတိယအကြိမ်ကို (၁၂) လခြားထိုးနှံပေးမှာဖြစ်ပြီး (HPV) ကာကွယ်ဆေးမှာ ဘေးကင်း စိတ်ချရတဲ့ကာကွယ်ဆေးဖြစ်တဲ့အတွက် (HPV) ရောဂါပိုးကြောင့် ဖြစ်ပွားနိုင်တဲ့ ကင်ဆာရောဂါများကို ထိထိရောက်ရောက် ကာကွယ်နိုင်ကြောင်း မြို့နယ်သူနာပြုအဆင့်-၁ ဒေါ်ခင်ချိုမော်၏ ပြောကြားချက်အရ သိရသည်။

 

စိုးဝေအောင်(ခင်ဦး)

 

mdn