ချင်းရွှေဟော် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူ (၁၆)ဦး ထပ်မံဝင်ရောက်

ချင်းရွှေဟော်  ၃  ဩဂုတ်

 

တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ   ဩဂုတ် ၂ ရက် ညနေ ၆ နာရီက (၁၃)ဦးနှင့် ယနေ့ မွန်းလွဲ ၃ နာရီက (၃)ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၆)ဦး ထပ်မံ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

 

အဆိုပါ  ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၁၆)ဦးတို့မှာ  အမျိုးသား (၉)ဦး၊ အမျိုးသမီး (၇)ဦးတို့ဖြစ်ပြီး  မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်မှ (၁)ဦး၊ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်မှ (၁)ဦး၊  စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်မှ (၁)ဦး၊ ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်မှ (၃)ဦး၊ မိုင်းရယ်မြို့နယ်မှ (၂)ဦး၊ နောင်ချိုမြို့နယ်မှ (၁)ဦး၊ သိန္နီမြို့နယ်မှ (၁)ဦး၊ လောက်ကိုင်မြို့နယ်မှ (၁)ဦး၊ ကွမ်းလုံမြို့နယ်မှ (၄)ဦးနှင့် ပန်လုံမြို့နယ်မှ (၁)ဦးတို့ ဖြစ်ကြသည်။

 

အဆိုပါ နေရပ်ပြန်ပြည်သူများအား  သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိရာ ဧပြီ ၃၀ ရက်မှ ယနေ့အထိ အမျိုးသား (၇၇၇၆)ဦးနှင့် အမျိုးသမီး (၆၂၅၈)ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၄၀၃၄)ဦးတို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)