ချင်းပြည်နယ်အစိုးရအဖွဲ့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပစ္စည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများ အတွက် အလှူငွေလှူဒါန်း

ဟားခါး ၆ ဇွန်

ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Junction River Trading Co.Ltd က ငွေကျပ် ၁၃ သိန်းကျော်တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပစ္စည်းများနှင့် ပလက်ဝဒေသ တိုက်ပွဲရှောင် ပြည်သူများအတွက် အလှူငွေကျပ် ၅ သိန်းကို ယမန်နေ့ နံနက်ပိုင်းက ချင်းပြည်နယ်အစိုးရအဖွဲ့သို့ လှူဒါန်းခဲ့သည်။

 

ထိုသို့လှူဒါန်းရာတွင် Junction River Trading Co.Ltd မှ တာဝန်ရှိသူတစ်ဦးက ငွေကျပ် ၁၃၆၆၀၀၀ တန်ဖိုးရှိ PPE ဝတ်စုံ (၇၀)စုံ၊ နှာခေါင်းစည်း (၂၀၀၀)ခု၊ Hand Gel ဘူး ၂၀ နှင့် ပလက်ဝဒေသ တိုက်ပွဲရှောင်ပြည်သူများအတွက်  အလှူငွေကျပ် ၅ သိန်းကို ပေးအပ်လှူဒါန်းရာ ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် ခဲ့သည်။

 

အဆိုပါလှူဒါန်းပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်၊ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စ က်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးဆန်းထွန်းစိန်နှင့် အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)