ချင်းပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ မင်းတပ်မြို့၌ တည်ဆောက်မည့် တက္ကသိုလ် မြေနေရာဖောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး

မင်းတပ် ၂၇  ဇန်နဝါရီ  

 

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ခရိုင်အဆင့် မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများသည် မင်းတပ်မြို့၌ တည်ဆောက်မည့် တက္ကသိုလ်မြေ နေရာကို ယနေ့ နံနက် ၈ နာရီတွင် သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

 

85369

 

ထို့နောက် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများအား တက္ကသိုလ် တည်ဆောက်မည့် ဆောက်လုပ်ရေ အထူးအဖွဲ့(၁၀)မှ တာဝန်ရှိသူများက မင်းတပ်တက္ကသိုလ် တည်ဆောက်မည့် မြေနေရာ လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းဆောင်၌ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ကြကြောင်း သိရသည်။

 

ခွီရှိန်း(ခရိုင်ပြန်/ဆက်)