ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးတို့မှ လူငယ်များ နိုင်ငံသားဆိုင်ရာ အသိပညာနှင့် ရွေးကောက်ပွဲတွင် မဲပေးခြင်းဆိုင်ရာ အသိပညာများရရှိရန် ပြည်သူ့နီတိသင်တန်းကို ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် သင်ကြားပို့ချ

 

ရန်ကုန် ၂၄ အောက်တိုဘာ

မြန်မာဝိုင်အမ်စီအေနှင့် ဟားခါး ဝိုင်အမ်စီအေတို့ ပူးပေါင်းပြီး အထွေထွေရွေးကောက်ပွဲတွင် မဲပေးကြမည့် ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးတို့မှ လူငယ်များ နိုင်ငံသားဆိုင်ရာ အသိပညာနှင့် ရွေးကောက်ပွဲတွင် မဲပေးခြင်းဆိုင်ရာ အသိပညာများရရှိရန်အတွက် ပြည်သူ့နီတိသင်တန်းကို အောက်တိုဘာ ဒုတိယပတ်က ()ရက်ကြာမျှ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပခဲ့သည်။

ယင်းသင်တန်းကို ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးတို့မှ သင်တန်းသား သင်တန်းသူ (၃၆) ဦးထက်ရောက်ပြီး သင်တန်းတွင် Chin Human Rights Organization မှ ဦးဆန်နဲမ်းလျန်းက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာများ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ညွှန်ကြားရေးမှူး ဦးလင်းကျော်၊ ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဦးစီးအရာရှိ ဦးထောင်ဇဆန်းတို့က ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် ဆန္ဒမဲပေးခြင်း ပညာပေးဆိုင်ရာများ Chin Christian University မှ ကျောင်းအုပ်ဆရာကြီး သိက္ခာတော်ရဆရာတော် ဒေါက်တာ ဟင်နရီချန်ကုန်းကနိုင်ငံသား ကောင်းပညာပေးဆိုင်ရာများကို သင်ကြားပို့ချ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်