ချမ်းသာတဲ့နိုင်ငံတွေ ကာကွယ်ဆေးကို ယုံကြည်မှု လျော့နည်းကြောင်း လေ့လာတွေရှိ

၂၆ ဇွန်

ဥရောပနိုင်ငံများတွင် နေထိုင်သူများဟာ ကာကွယ်ဆေးအပေါ် ယုံကြည်မှု အနည်းဆုံးဖြစ်တယ်လို့ ကျန်းမာရေးနဲ့ သိပ္ပံပညာရပ်အပေါ်ကို ပြည်သူလူထုရဲ့သဘောထားကို သုတေသနလုပ်ရာကနေ ထွက်ပေါ်လာကြောင်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြောကြားပါတယ်။

၂၀၁၈ ခုနှစ် ဧပြီ ကနေ ဒီဇင်ဘာလ အတွင်းမှာနိုင်ငံပေါင်း ၁၄၄ နိုင်ငံက အသက် ၁၅ နှစ်နဲ့ အထက် လူပေါင်း ၁၄၀ဝ၀ဝ ကျော်ရဲ့ ဆန္ဒမဲတောင်းပြီး သုတေသနလုပ်ထားတယ်လို့ သိရပါတယ်။  ပြင်သစ်နိုင်က ကာကွယ်ဆေးအပေါ် ယုံကြည်ချက်က အနည်းဆုံးဖြစ်ပါတယ်။  ကမ္ဘာတစ်ဝန်းက ၇၉ ရာခိုင်နှုန်းကတော့ ကာကွယ်ဆေးက လုံခြုံတယ်လို့ သဘောထားပေးပြီး ၈၄ ရာခိုင်နှုန်းကတော့ ကာကွယ်ဆေးက အကျိုးသက်ရောက်မှု ရှိတယ်လို့ ဆိုပါတယ်။

 

mdn

 

ပြင်သစ်နိုင်ငံနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် နဲ့ ရဝမ်ဒါနိုင်ငံတွေမှာတော့ ကလေးတိုင်းမှာ ကာကွယ်ဆေးရှိရမယ်။ အဲဒီကာကွယ်ဆေးက လုံခြုံစေတယ်။ အကျိုးရှိတယ်လို့ ၁၀ဝ ရာခိုင်နှုန်း ကာကွယ်ဆေးကို ယုံကြည်တာကို တွေ့ရပါတယ်။ 

ကာကွယ်ဆေးထိုးခြင်းကို မယုံကြည်တဲ့ ဒေသတွေက ဥရောပအနောက်ပိုင်းမှာ (၂၂ရာခိုင်နှုန်း) ဖြစ်ပြီး ဥရောပအရှေ့ပိုင်းက (၁၇ ရာခိုင်နှုန်း) ကတော့ ကာကွယ်ဆေးက အကျိုးသက်ရောက်တယ်ဆိုတာ မယုံကြည်ဘူးလို့ သိရပါတယ်။

၂၀၁၀ ကနေ ၂၀၁၇ ခုနစ်အတွင်း ကလေး ၁၆၉ သန်းဟာ အဓိကကာကွယ်ဆေးဖြစ်တဲ့ ပထမဦးဆုံး ဝက်သက်ကာကွယ်ဆေးကို မထိုးခဲ့ကြောင်း ကုလသမဂ္ဂက ပြီးခဲ့တဲ့ ဧပြီလက ထုတ်ပြန်ခဲ့ပါတယ်။

MDN
ကိုးကား - AFP

 

mdn