ခမ်းပါတ်မြို့တွင် စာပေဟောပြောပွဲ ကျင်းပမည်

ခမ်းပါတ် ၂၇  ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် ခမ်းပါတ်မြို့တွင် ခမ်းပါတ်မြို့ ဒေသခံစာပေ ချစ်သူများက ကြီးမှူး၍ ပထမအကြိမ်အဖြစ် ပြုလုပ်ကျင်းပသည့် စာပေဟောပြောပွဲကို ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း စာပေဟောပြောပွဲဖြစ်မြောက်ရေး ကော်မတီထံမှ သိရှိရသည်။

 

အဆိုပါ စာပေဟောပြောပွဲကို ခမ်းပါတ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် နေ့လယ် ၂နာရီမှ စတင်ကျင်းပမည်ဖြစ်ပြီး နိုင်ငံကျော်စာရေးဆရာများဖြစ်သည့် စာရေးဆရာ အကြည်တော်နှင့် ဆရာအရိုးတို့က ဟောပြောကြမည်ဖြစ်ကြောင်း စာပေဟောပြောပွဲ ဖြစ်မြောက်ရေးအတွက် ဦးဆောင် ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

 

ဇော်ဝင်းထွန်း