ခါမ်းပါတ်မြို့ ကနန်ကျေးရွာတွင် ကြက်မွေးမြူရေးခြံများအား စနစ်တကျမွေးမြူလာ

ခါမ်းပါတ် ၁ သြဂုတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့ ကနန်ကျေးရွာတွင် ကြက်မွေးမြူရေးခြံများအား ကျေးရွာပြင်ပ တွင်သာ စနစ်တကျ မွေးမြူလာကြကြောင်း ကြက်မွေးမြူရေးခြံပိုင်ရှင်များထံမှ သိရသည်။

 

“အစတုန်းကတော့ ကျွန်တော်လဲ ရွာထဲမှာမွေးတယ်၊ အဲဒီတုန်းကတော့ အသားစားကြက်ပေါ့၊ ဒါပေမယ့် ရေရှည်ကျတော့ ရွာထဲမှာ အဆင်မပြေဘူးဆိုပြီးတော့ ရွာပြင်ကိုပြောင်းခဲ့တာပါ၊ ရွာပြင်ဆိုတော့ ခြံကျယ်ကျယ် ဝန်းဝန်းနဲ့ လေဝင်လေထွက် ကောင်းတယ်” ဟု ကြက်ခြံပိုင်ရှင်တစ်ဦးဖြစ်သူ ဦးဒါမှုန်းက ပြောသည်။

 

ခါမ်းပါတ်မြို့တွင် ကြက်မွေးမြူရေးခြံများအနေဖြင့် အသားစားကြက် (၂၉) ခြံနှင့် ဥစားကြက် (၁၄) ခြံ စုစုပေါင်း (၄၃) ခြံရှိကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

 

သားငယ်(ပြန်/ဆက်)