ချိုင်ထယ်ဂျွန်နဲ့ ပါ့ခ်ရှင်ဟေးတို့ရဲ့ မင်္ဂလာပွဲကို ယခုလကုန်ပိုင်းတွင် ကျင်းပမည်

တောင်ကိုရီးယား ကြယ်ပွင့်စုံတွဲတစ်တွဲဖြစ်တဲ့ မင်းသမီး ပါ့ခ်ရှင်ဟေးနဲ့ မင်းသား ချိုင်ထယ်ဂျွန်တို့ရဲ့ မင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၂၂ ရက်မှာ ပြုလုပ်မှာဖြစ်ကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

မင်္ဂလာပွဲနဲ့ပတ်သက်ပြီး ချိုင်ထယ်ဂျွန်ရဲ့ ဒီဇိုင်နာတစ်ဦးဖြစ်သူ ကင်ဂူရီက သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှဖော်ပြခဲ့တာပါ။ ချိုင်ထယ်ဂျွန်က သူ့ရဲ့မင်္ဂလာဆောင်ဖိတ်စာကို ကိုယ်တိုင်လာရောက် ဖိတ်ကြားခဲ့ကြောင်းနဲ့ မင်းသားနဲ့အတူ တွဲဖက်ရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့အတူ အမှတ်တရစာသားအချို့ ကိုလည်း ကင်ဝူရီက ရေးသားဖော်ပြခဲ့တာ တွေ့ရပါတယ်။ ပါ့ခ်ရှင်ဟေးနဲ့ ချိုင်ထယ်ဂျွန်တို့ရဲ့ မင်္ဂလာအခမ်းအနားကို လာမယ့် ဇန်နဝါရီ ၂၂ ရက်မှာ ဆိုးလ်မှာရှိတဲ့ ဘုရားကျောင်းတစ်ကျောင်းမှာ ပြုလုပ်သွားဖို့ရာ စီစဉ်ထားတာဖြစ်ပါတယ်။ ပါ့ခ်ရှင်ဟေးဟာ လက်ရှိမှာ ချိုင်ထယ်ဂျွန်နဲ့ ရရှိခဲ့တဲ့ ရင်သွေးလေးလွယ်ထားရပြီဖြစ်ကြောင်းလည်း သိရပါတယ်။

အေးပြည့်