ချီဖွေမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လက်ဆေးကန်များတပ်ဆင်

ချီဖွေ  ၉    ဧပြီ 

 

မြစ်ကြီးနားခရိုင် ချီဖွေမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ကော်မတီဝင်များက ဒေသခံမိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်လေ့လာသိရှိစေရန်ကျန်းမာရေး အသိ ပညာပေး ဗီနိုင်း၊ ပိုစတာများနှင့် လက်ဆေးကန်များ ထားရှိခြင်းကို ဈေးအဝင်နေရာ၊ လမ်းဆုံ၊လမ်းခွ  ထင်သာမြင်သာရှိသော နေရာများတွင် စိုက်ထူခဲ့ကြသည်။     

 

303

  

 

ထို့သို့ဆောင်ရွက်ရာတွင် လူစည်ကားရာ စည်ပင်သာယာရေးဈေးအတွင်း သွားလာဝယ် ယူ ရောင်းချ နေကြသည့် ဈေးသူ၊ ဈေးသားများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ မကူးစက်အောင် အထူးဂရုပြု နေထိုင်သွားရေး ၊ နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်အသုံးပြုရေး၊ သားငါးဟင်းများကိုင်တွယ် ရောင်းချရာတွင် လက်အိတ်များ အသုံးပြုရေးနှင့် လက်သန့်ရှင်းရေးကို ဂရုပြုစေဖို့ လက်ဆေး ဘေစင်များ ထားရှိခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စနစ်တကျ လက်ဆေးနည်း၊ “နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါ ”စသည့် အသိပညာပေးနှိုးဆော်ချက် ဗီနိုင်း ပိုစတာများ စိုက်ထူခြင်း စသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးဇောင်းရယ်ထံမှ သိရှိရသည်။

 

 ဇင်မာဝင်း(ပြန်/ဆက်)

 

4749 5867