ချောင်းဆုံမြို့ပေါ် ဈေးများနှင့် ဆေးဆိုင်များတွင် သတ်မှတ်စံမညီသည့် ဆေးဝါးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ချောင်းဆုံ၊ ၂၆    ဇန်နဝါရီ    

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသည့် ဆေးဝါးများ ဈေးဆိုင်များတွင် ရောင်းချမှု မရှိစေရေး ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနက  ချောင်းဆုံမြို့ အမှတ်(၁)ဈေးနှင့် မြို့ပေါ်ရှိ ဆေးဆိုင်များအား ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက စံချိန်စံညွှန်းနှင့် မညီသည့် ဆေးဝါးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ စံမညီသည့် ဆေးဝါးများကို ဈေးကွက်မှ ပြန်လည်သိမ်းဆည်းရန် သက်ဆိုင်ရာ ကုမ္ပဏီများသို့ အကြောင်းကြားထားပြီး မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် စံမညီဆေးဝါးများ ရောင်းချမှု မရှိစေရန် ဆေးဆိုင်များကို ကနေဦး အသိပေးဆောင်ရွက်ခြင်း၊ သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့်မညီသည့် ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ ပုံမှန်စစ်ဆေးခြင်းနှင့် စစ်ဆေးတွေ့ရှိပါက သိမ်းဆည်းခြင်းများ ဆောင်ရွက်ကြောင်း ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ သိရသည်။ 

ကွင်းဆင်းစစ်ဆေးမှုကို ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းမျာ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်/မြို့ စည်ပင်သာယာရေးအဖွဲ့ဝင်များ ပူးပေါင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)