ချောင်းဆုံမြို့နယ်တွင် ရပ်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲနှင့်  ဆင့်ပွားသင်တန်းပို့ချ

ချောင်းဆုံ ၁၇ စက်တင်ဘာ

           

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ရပ်/ကျေးအုပ်စု ကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲဆင့်ပွားသင်တန်းကို ယနေ့နံနက် ၁၀ နာရီက ချောင်းဆုံမြို့နယ် ကျွန်းသာယာခန်းမတွင်  ကျင်းပရာ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးမင်းနိုင်က အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် ရပ်ကွက်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအား  ရွေးကောက်ပွဲ ဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ သိရှိထားရမည့် လုပ်ငန်းများတာဝန်များကို သင်ကြား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

 

ထူးအိမ်(ပြန်/ဆက်)