ချောက်မြို့နယ် စလေမြို့ပြည်သူ့ဈေး၌ မီးဘေးလုံခြုံရေးစစ်ဆေး အကြံပေးမှုများဆောင်ရွက်

ချောက်  ၂၁   ဇန်နဝါရီ   

 

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် စလေမြို့ ပြည်သူ့ဈေး၌ ဇန်နဝါရီ ၂၀ ရက် ညနေ ၃ နာရီက မြို့နယ်မီးဘေး လုံခြုံရေးကော်မတီမှဌာနဆိုင်ရာ အကြီးအကဲများနှင့် စလေမြို့မှ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ လျှပ်စစ်ဝန်ထမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဈေးမိဈေးဖများ ပူးပေါင်းသောအဖွဲ့သည် မီးဘေးလုံခြုံရေး စစ်ဆေးအကြံပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

63

 

ယင်းသို့ ဆောင်ရွက်ရာတွင် စလေမြို့ပြည်သူ့ဈေးအတွင်းအပြင်ရှိ ဆိုင်ခန်းများတွင် သွယ်တန်း ထားသော လျှပ်စစ်မီးကြိုးထားရှိသုံးစွဲပုံနှင့် ဆိုင်အတွင်းရောင်းချသော ကုန်ပစ္စည်းတို့တွင် လျှပ်စစ်မီးကြိုးတို့နှင့် နီးကပ်စွာ သုံးစွဲမှုမရှိစေရေး၊ ဆိုင်တွင်းဘုရားစင် ပူဇော်ထွန်းညှိသည့် ဖယောင်းတိုင်မီး၊ အမွှေးတိုင်၊ ခြင်ဆေးခွေ ထွန်းညှိသုံးစွဲမှုတို့ကို ဂရုတစိုက်သုံးစွဲစေရန်၊ လျှပ်စစ်မီးကြိုး များအား လုံခြုံစိတ်ချသော ကြိုးများအသုံးပြုရန်၊ နှစ်ပင်လိမ်ကြိုးနှင့် မီးကြိုးခွေဘူးတို့အား လုံခြုံစိတ်ချမှု မရှိသဖြင့် သုံးစွဲခြင်းမပြုရန်၊ မိမိဆိုင်အတွင်းရှိ အမှိုက်သရိုက်တို့အား စနစ်တကျ သိမ်းဆည်းစွန့်ပစ်ရန်၊ မီးလောင်ကွယ်သော ကုန်ပစ္စည်းများဂရုစိုက်ထားရှိရန်၊ လျှပ်စစ်မီးကြိုးများ အရည်အသွေးကြံ့ခိုင်မှု အားနည်းသောဆိုင်များအား ကောင်းမွန်လုံခြုံစိတ်ချရသော လျှပ်စစ်မီးကြိုးများ လဲစေခြင်း၊ ဟောင်းနွမ်း၍ အရည်အသွေးမမှီတော့သည့် လျှပ်စစ်မိန်းခုံ၊ ပလပ်ခေါင်းတို့အား လဲလှယ်စေခြင်းဖြင့် မီးဘေးလုံခြုံမှုရှိစေရေးတို့အတွက် မီးဘေးအန္တရာယ် မဖြစ်ခင်က ကြိုတင်ကာကွယ်သည့်အနေဖြင့် စစ်ဆေးအကြံပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

123

 

ကျော်မိုး(ပြန်/ဆက်)