ကော့သောင်းနှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၁၇

 

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၆ ရက် နံနက်  ၆ နာရီခွဲတွင် ကော့သောင်းမြို့၊ ရွှေစင်ယော်ရပ်ကွက်၊ အင်ကြင်းလမ်း၊ အိမ်အမှတ်(၄၈၄) ဖြိုးကိုကို(ခ) ကိုဖြိုး၏ နေအိမ်ကို ရှာဖွေစစ်ဆေးရာ ၎င်းနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက် ချက်အရ နံနက် ၈ နာရီခွဲတွင် ကော့သောင်းမြို့နယ်၊ ဘန်းကချွန်ကျေးရွာ အုပ်စု၊ (၁၄)မိုင်ကျေးရွာအနီး၊ ခရီးသည်တင်ယာဉ်ပေါ်၌ မစိုးသင်္ကြန်မျိုးကို ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ခရီးဆောင်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀,၀၀၀  ထပ်မံသိမ်းဆည်းရမိခဲ့ သည်။

 

ထို့အတူ ယင်းနေ့ ညနေ ၅ နာရီခွဲတွင် ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၈ လမ်း၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြားတွင် ကိုကို(ခ)ဖိုးခွား မောင်းနှင်လာသည့်မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁,၉၅၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)