ကျောင်းသားလူငယ်နှင့် စာဖတ်ခြင်း

ကျောင်းသားလူငယ်များ စာဖတ်ခြင်းအလေ့အထကို မဖြစ်မနေ ဆောင်ရွက်သင့်ကြောင်း  စာရေးသူ ရွှေဒါးမောင်မြင့်ထွန်း (အမျိုးသားစာပေဆုရ) စီစဉ်ရေးသားသည့် ကျောင်းသားလူငယ်နှင့် စာဖတ်ခြင်းစာအုပ် ထွက်ရှိလာသည်။ 


ယနေ့ကျောင်းများ (တက္ကသိုလ်များအပါအဝင်) တွင် ကျောင်းစာကိုချည်း သင်ကြားနေရုံမျှဖြင့် မပြည့်စုံနိုင်ကြောင်း၊ ကျောင်းတွင်သင်ကြားသည့် ကျောင်းသင်ခန်းစာ ဘာသာရပ်များအပြင် ပြင်ပလောက၌ လူတစ်ယောက်၏ ဘဝတွင် တွေ့ကြုံရင်ဆိုင်လာရမည့် လူမှုဆက်ဆံရေး၊ စီမံခန့်ခွဲရေး၊ ပေါင်းသင်းဆက်ဆံရေး၊ တာဝန်ဝတ္တရားများ၊ ဘဝနေနည်း၊ ဘဝပြဿနာဖြေရှင်းနည်း၊ ပြည်သူ့နီတိဆိုင်ရာ၊  ဒီမိုကရေစီဆိုင်ရာ၊  လူ့အခွင့်အရေးဆိုင်ရာ  အသိပညာများကိုပါ လေ့ကျင့်သင်ကြားပေးသင့်ကြောင်းနှင့် အောင်မြင်တိုးတက် လိုသူတိုင်း စာပေကို ဖတ်ရှုလေ့လာသင့်ကြောင်း ရေးသားထားသည်။


ကြေးမုံစာအုပ်စင်