ကျောင်းကျန်းမာရေး ပညာပေးလက်တွေ့ဆောင်ရွက်ခြင်းနှင့် အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်

ဟားခါး ၇ အောက်တိုဘာ        

အခြေခံပညာကျောင်းများတွင် ပညာသင်ယူလျက်ရှိသော ကျောင်းသား၊ကျောင်းသူလေးများအား တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျန်းမာစွာစားသောက်နေထိုင်နိုင်ရေးနှင့်အာဟာရပြည့်ဝစေရေးတို့အတွက် ကျောင်းကျန်းမာရေးပညာပေးဟောပြောခြင်း ၊ လက်တွေ့ဆောင်ရွက်ခြင်းနှင့်အာဟာရကျွေးမွေးခြင်းအစီအစဉ် များကို ယနေ့နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့ ၊ မြို့ဟောင်းရပ်ကွက်ရှိ အမက ဖာရ်ဟွလ်၌ကျင်းပပြုလုပ်ရာ ပြည်နယ်ကျန်းမာရေးဉီးစီးဌာန ကျောင်းကျန်းမာရေးဆရာဝန် ဒေါက်တာထန်နှင်းလျန်က တစ်ကိုယ်ရေသန့်ရှင်း ရေးနှင့်ကျန်းမာရေးဆိုင်ရာအသိပညာအလေ့အထကောင်းများရရှိစေရေးဟောပြောပြီးနောက် ဆရာ၊ဆရာမများ ကျောင်းသား၊ကျောင်းသူလေးများနှင့်အတူ စင်ကြယ်စွာလက်ဆေးနည်းကိုလက်တွေ့ဆောင်ရွက်ခဲ့ကြသည်။

 

a

 

ထို့နောက် စေတနာရှင်အလှူရှင်များက မတည်ဆောင်ရွက်ထားရှိသည့် အာဟာရကျွေးမွေးခြင်း အစီအစဉ်အဖြစ် ကလေးငယ်များအားနေ့လည်စာထမင်းကျွေးမွေးခဲ့ကြသည်။

 

a

 

“ကျောင်းနေရွယ်ကလေးများ အားလုံးတစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အလေ့အထကောင်းများရရှိစေ ရေးနဲ့အာဟာရပိုမိုပြည့်ဝစွာစားသောက်နေထိုင်နိုင်ရေး ၊ မြို့ပေါ်မှာရှိတဲ့ စေတနာရှင်လူငယ်လေးများစုပေါင်းပြီး အာဟာရကျွေးမွေးခြင်းအစီအစဉ်ပြုလုပ်ခြင်းဖြစ်ပါတယ်။တစ်ပတ်မှာ တနင်္လာ၊အင်္ဂါ၊ဗုဒ္ဓဟူး(၃)ရက် ကိုနေ့လယ်စာထမင်း ကျွေးပါတယ်။ ဒီကျောင်းမှာ ကျောင်းသား၊ကျောင်းသူ ပေါင်း ၄၂ ယောက်ရှိပြီး အာဟာရပြည့်ဝစေမယ့်ထမင်း ဟင်းလျာတစ်နပ်စာအတွက် ငွေကျပ် နှစ်သောင်းလောက်ကုန်ကျပါတယ်။ ဒီကျောင်းကစပြီးလုပ်ခဲ့တာ(၃)လကျော်ပါပြီ။ ဒီအစီအစဉ်ကို နောက်ထပ်ကျောင်းတစ်ကျောင်းလောက်တိုးချဲ့ဆောင်ရွက်ဖို့စီစဉ်နေပါတယ်”ဟုကျောင်း ကျန်းမာရေးဆရာဝန်ဒေါက်တာထန်နှင်းလျန်က ရှင်းပြသည်။

 

a

 

ယခုလက်ရှိဆောင်ရွက်လျက်ရှိသော အမက ဖာရ်ဟွလ်ကျောင်းတွင် ကျောင်းသား ၂၆ ဉီး ကျောင်းသူ ၁၅ ဉီးစုစုပေါင်း ၄၂ ဉီးရှိပြီးကလေးငယ်များအတွက် ကျန်းမာရေးအသုံးအဆောင်ပစ္စည်းများဖြစ်သည့် သွားတိုက်ဆေး၊သွားတိုက်တံနှင့်ဆပ်ပြာများလည်းထောက်ပံ့လှူဒါန်းပေးလျက်ရှိကြောင်း စေတနာရှင်၊အလှူရှင် များလှူဒါန်းလိုပါကလည်း အဆိုပါအခြေခံပညာကျောင်းသို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရှိရသည်။

 

ေ

 

မြင့်နိုင်စိုး(ပြန်/ဆက်)