ကော့မှူး၌ အနှေးယာဉ်လုပ်သား၂၀၀ကျော်ခန့်အား ဆန်၊ဆီနှင့်စားသောက်ကုန်များလှူဒါန်း

ကော့မှူး  ၉  ဧပြီ

 

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း အခြေခံလက်လုပ်လက်စားပြည်သူများအား စားရေးသောက်ရေး အခက်အခဲမဖြစ်စေရန် ရည်ရွယ်၍‌ စေတနာရှင် ပရဟိတအဖွဲ့အစည်း ခေတ်သစ်ဖောင်ဒေးရှင်းက အနှေးယာဉ်လုပ်သား၂၀၀ ကျော်ခန့်အား ဆန်၊ ဆီနှင့် စားသောက်ကုန်များကို မြို့မရပ်ကွက် ကြက်ခြေနီရုံးရှေ့၌ ယနေ့နံနက် ၁၁ နာရီက လာရောက် ပေးအပ်လှူဒါန်းခဲ့သည်။

 

အနှေးယာဉ်လုပ်သား တစ်ဦးလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ခေါက်ဆွဲခြောက်ထုတ်များနှင့် အခြားစာသောက်ကုန်များကို လာ‌ရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ကျော်သူရ(ပြန်/ဆက်)