ကောလင်း၊ တောင်သာနှင့် မိုင်းဆတ် မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၂၁  စက်တင်ဘာ 


ကောလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၉ ရက် ညပိုင်းက ကောလင်းမြို့နယ် ဆင်ကုန်းကျေးရွာအုပ်စု ကညို့အင်းကျေးရွာရှိ ချိုဦး၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၆၆ ကီလို ကိုလည်းကောင်း၊ 


အလားတူ စက်တင်ဘာ ၁၉ ရက် ညနေ ၅ နာရီခွဲက မြင်းခြံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တောင်သာမြို့နယ်၊ ကျွဲဆင်းကျေးရွာအုပ်စု၊ ကျွဲဆင်းကျေးရွာနေ လှကြီး၏ နေအိမ်ကိုရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေး ၄,၂၆၃ ပြား ကိုလည်းကောင်း၊ 


ထို့အတူ စက်တင်ဘာ ၂၀ ရက် နံနက် ၈ နာရီက  မူးယစ်ဆေး ဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ ကျတိကျေးရွာအုပ်စု၊ နားယန်း ကျေးရွာနေ လိမာ၏ နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကိုသိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 


ရဲပြန်ကြား