ကျောက်တံခါးမြို့နယ်တွင် အသံချဲ့စက်များဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် စောင့်ရှောက်ရေး အသိပေးနှိုးဆော်

ကျောက်တံခါး  ၅  ဧပြီ   

 

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင် ကာကွယ်ရမည့် နည်းလမ်းများ၊ လိုက်နာရမည့်အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များကို ကျောက်တံခါးမြို့ပေါ် (၅)ရပ်ကွက်အတွင်းရှိ ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ ည(၉)နာရီက လိုက်လံအသိပေးနှိုးဆော်ခဲ့သည်။

 

47205

 

အဆိုပါ အသိပေး နှိုးဆော်ခြင်းလုပ်ငန်းကို ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့များ၊ ရပ်မိရပ်ဖများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

အလားတူ အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ကျောက်တံခါးမြို့နယ်အတွင်းရှိ ပဲနွယ်ကုန်း၊ ဖဒို၊ အောင်မြင်(ခ) တောကျွဲအင်းမြို့များတွင်လည်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

စန်းစန်(ပြန်/ဆက်)