ကျောက်တံခါးမြို့နယ် ကွင်းချောင်းဝကျေးရွာမှ သုံးမြွှာပူးမွေးဖွားသူအား ထောက်ပံ့ငွေပေးအပ်

ပဲခူး ၂၅ စက်တင်ဘာ

 

ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများသည် စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းက ကျောက်တံခါးမြို့နယ်၊ အနန်းဘော်ကျေးရွာအုပ်စု၊ ကွင်းချောင်းဝကျေးရွာမှ သုံးမြွှာပူးမွေးဖွားခဲ့သည့် မိသားစုနေအိမ်သို့ သွားရောက်၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

 

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်၊ အနန်းဘော်ကျေးရွာအုပ်စု၊ ကွင်းချောင်းဝကျေးရွာနေ ဦးနိုင်လင်းစိုး-ဒေါ်ဝေဝေဖြိုး တို့မှ  ဩဂုတ် ၂ ရက်တွင် တောင်ငူမြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ သုံးမြွှာပူးကလေး (ကျား ၁၊ မ ၂)ကို မွေးဖွားခဲ့‌ကြောင်း သိရသည်။

 

အဆိုပါ သုံးမြွှာပူး မွေးဖွားခဲ့သော မိသားစုအား ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံး၊ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာနေခြည်သက်နိုင်၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဝါဝါဝင်းကျော်နှင့် ဝန်ထမ်းများသည် ကျောက်တံခါးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဌေးနှင့်အတူ လူမှုဝန်ထမ်းဦးစီးဌာနမှ ရန်ပုံငွေကျပ်(၅)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)

 

mdn