ကျောက်တလုံးကြီးမြို့၌ တောင်သူများအား အစားထိုးသီးနှံမျိုးစေ့၊ နှစ်ရှည်ပျိုးပင်နှင့် သဘာဝမြေဩဇာများ ပေးအပ်

ကျောက်တလုံးကြီး၊ ၂၃  ဇန်နဝါရီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ အစားထိုးသီးနှံမျိုးစေ့၊ နှစ်ရှည်ပျိုးပင်နှင့် သဘာဝမြေဩဇာများအား တောင်သူများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးနိုင်ရန်အတွက် ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းက ကျောက်တလုံးကြီးမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ပေးအပ်ရာတွင် ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်းက အမှာစကားပြောကြားပြီး မြို့နယ်မြေရဲစခန်းမှူး ဦးအောင်ကျော်ဌေးက ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး အသိပညာပေး အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။

 

ထို့နောက် မြို့အုပ်ချုပ်ရေးမှူးဦးစောချမ်းနှင့် တာဝန်ရှိသူများက ကက္ကူကျေးရွာအုပ်စုနှင့် ပင်တွန်ကျေးရွာအုပ်စုမှ တောင်သူ(၂၀)ဦးအား ထောပတ်ပင်(၁၀၀)၊ ကော်ဖီပင်(၂၀၀)၊ သဘာဝမြေဩဇာ (၂၀)အိတ်နှင့် ဧက ၂၀ အတွက် ရေဆင်းစပ်မျိုး-၁ နေကြာမျိုးစေ့များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြဝင်း(ပြန်/ဆက်)