ကျောက်တောင်စွန်းကနေ ပြုတ်ကျသွားတဲ့ ဆင်ပေါက်လေးကို ကယ်ဆယ်ဖို့ကြိုးစားရင်း ဆင် ၁၁ ကောင်သေဆုံး

၁၀ အောက်တိုဘာ

 

 

ထိုင်းနိုင်ငံရှိ အမြင့်ပေ ၅၀ဝ မြင့်တဲ့ ရေတံခွန် တစ်ခုထဲမှာ သေဆုံးနေတဲ့ ဆင်အကောင်ရေဟာ အခုဆိုရင် ၁၁ ကောင် ရှိပြီ ဖြစ်ပါတယ်။

 

1

 

 

 

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်ပိုင်း အတွင်းက သုံးနှစ်သားအရွယ် ဆင်ပေါက်လေး အပါအဝင် ဆင်သေခြောက်ကောင်ကို တွေ့ရပြီး မနေ့ကတော့ ရေတံခွန်အခြေမှာ သေဆုံးနေတဲ့ နောက်ထပ် ငါးကောင်ကို တွေ့ရှိတဲ့အတွက် ၁၁ ကောင်ရှိပြီ ဖြစ်ပါတယ်။

 

1

 

 

 

ဆင်အုပ်ကြီးဟာ ရေတံခွန်အစွန်း ကျောက်တောင်ပေါ်မှာ ပြုတ်ကျသွားဖွယ်ရှိသော ၃ နှစ်အရွယ် ဆင်ပေါက်လေးကို ကယ်ဆယ်ဖို့ ကြိုးစားရင်း အခုလို သေဆုံးခဲ့ပုံရပါတယ်။

 

1

 

 

 

ဆင်တွေဟာ တစ်ကောင်နဲ့ တစ်ကောင် ရင်းနှီးတဲ့ ဆက်နွယ်မှု ရှိတယ်လို့ လူသိများပါတယ်။ ဆင်အုပ်ဟာ ရေတံခွန်အပေါ်ရှိ ဒီဘက်အစွန်းကနေ ဟိုဘက်အစွန်းကို ဖြတ်အကူး ဆင်ပေါက်လေး ပြုတ်ကျသွားတဲ့အတွက် ကယ်ဆယ်ဖို့ ကြိုးစားရင် အခုလို ဖြစ်ပုံရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

 

1

 

 

 

ဆင်သေတွေကို ဥယျာဉ်မှ တာဝန်ရှိသူများနဲ့ လူမှုရေး အသင်းဝင်များက ဖယ်ရှားနေပါတယ်။ ရေတံခွန်မှ ရေတွေ မညစ်ပတ်စေရန် ပုတ်ပွတဲ့ ဆင်အသားစများကို ဆယ်ယူရန် ပိုက်ကွန်များနဲ့ တားဆီးထားပါတယ်။ အခုအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံမှာ ဆင်အများဆုံး သေဆုံးတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။

 

 

အခုဖြစ်စဉ်ဟာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ခေါင်ရိုင် အမျိုးသားဥယျာဉ် အတွင်းရှိ ဟေးနာရော့ခ် ရေတံခွန်မှာ ဖြစ်ပျက်ခဲ့တာလို့ သိရပါတယ်။

 

 

MDN

ကိုးကား - AFP