ကျောက်ထုမြို့တွင် သင်္ဘောသီးပင် စိုက်ပျိုးသူများ ဝင်ငွေတိုးလာ

ကျောက်ထု ၁၂ အောက်တိုဘာ

 

ဂန့်ဂေါခရိုင် ကျောက်ထုမြို့တွင် သင်္ဘောသီးပင်ကို သိပ္ပံနည်းကျ စိုက်ပျိုးလာကြရာ ဖြစ်ထွန်းအောင်မြင်ပြီး သင်္ဘောသီးရောင်းရငွေမှာ အပိုဝင်ငွေ ရရှိနေကြကြောင်း သိရသည်။

           

သင်္ဘောမှာ အူနီမျိုး၊ အူဝါမျိုး နှစ်မျိုးရှိပြီး ဒေသခံတို့က အူဝါမျိုးကို ပိုမိုနှစ်သက်ကြသည်ဟု ဆိုသည်။

           

အရွယ်တော် သင်္ဘောသီးတစ်လုံးကို ၂၅၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိကာ မှာကြားသူရှိမှသာ အပင်မှ ဆွတ်ခူးရောင်းချကြောင်း သင်္ဘောပင်များစိုက်ပျိုးသူ ဦးထွန်းဝင်းက ပြောသည်။

 

မောဟေမာန် (ပြန်/ဆက်)