ကျောက်ထုမြို့တွင် ပဲချဉ်ပေါင် စမ်းသပ်စိုက်ပျိုး

ကျောက်ထု ၊  ၂၀  ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့ဒေသ  ဥယျာဉ်ခြံမြေ၌ ပဲချဉ်ပေါင်ကို ကျောက်ဆည်မြို့မှ တစ်ဆင့် မျိုးစေ့မှာယူပြီး စမ်းသပ်စိုက်ပျိုးရာ ဖြစ်ထွန်းကြောင်း သိရသည်။

 

အဆိုပါ ပဲချဉ်မျိုးစေ့များကို ဆောင်းရာသီကာလအချိန်၌ လယ်ယာမြေများတွင် ထွန်ယက်ပြီး စိုက်ပျိုးကြ၍ သဘာဝမြေသြဇာကို အသုံးပြု စိုက်ပျိုးကြသည်။

 

အဆိုပါ ပဲချဉ်ပေါင်၏အရွက်များကို ဟင်းလျာအဖြစ်သုပ်၍ စားသုံးသည့်အပြင် အစေ့များကို အမှုန့်ပြုလုပ်၍ သရေစာများတွင် ထည့်ကာစားသုံးပါက ဆိမ့်သည့်အရသာရှိသဖြင့် စားသုံးသူများ နှစ်သက်ကြသည်ဟု ဆိုသည်။ အမှုန့်ဖျော်ရည်ကို ဆားခတ်သောက်ပါက သွေးတိုးရောဂါ ကာကွယ်ဆေးအဖြစ် အသုံးပြုနိုင်ကြောင်း  သိရသည်။

 

မောဟေမာန်(ပြန်/ဆက်)