ကော့ကရိတ်မြို့နယ်ရှိ သောင်းရင်းမြစ်အတွင်း ငါးမျိုးများစိုက်ထည့်ပေး

ဘားအံ  ၅  ဇူလိုင်

 

ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ဘားအံ/ ကော့ကရိတ်/ မြဝတီခရိုင်မှူး နှင့် ဝန်ထမ်းများ ပါဝင်သောအဖွဲ့သည် ဇူလိုင် ၅  ရက်တွင် ကော့ကရိတ်မြို့နယ် တောင်ကြာအင်းကျေးရွာ သောင်ရင်းမြစ်အတွင်းသို့ ငါးခုံးမကြီး သားပေါက်ကောင်ရေ (၃၀၀၀၀)၊ ငါးမြစ်ချင်း သားပေါက်ကောင်ရေ (၅၀၀၀၀) စုစုပေါင်းကောင်ရေ (၈၀၀၀၀) အားလည်းကောင်း၊ တောင်ကြာအင်း ကျေးရွာအနီးရှိ သဘာဝရေပြင်အတွင်းသို့ ငါးမြစ်ချင်းသားပေါက် ကောင်ရေ (၂၀၀၀၀) အား လည်းကောင်း မျိုးစိုက်ထည့်ခဲ့သည်။

 

ဆက်လက်ပြီး ကော့ကရိတ်မြို့နယ် KNU စိုက်ပျိုးမွေးမြူရေးစခန်း (ဗဟို) ရှိ ငါးမွေးကန်များအတွက် ငါးမြစ်ချင်း သားပေါက်ကောင်ရေ (၆၀၀၀)၊ KNU တပ်မဟာ (၆) ငါးမွေးကန်များအတွက် ငါးမြစ်ချင်း သားပေါက်ကောင်ရေ (၂၇၀၀) အား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

 

ထို့နောက် သောင်ရင်းမြစ်၊ ဂျိုင်းမြစ်နှင့် လှိုင်းဘွဲမြစ်များအတွင်း တားမြစ်ထားသော ငါးရစ်/ငါးသန် ရာသီ ကာလ၌ ငါးဖမ်းဆီးမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

 

(MDN)