ကော့ကရိတ်မြို့၌ မိုးလုံလေလုံအားကစားရုံ ဆောက်လုပ်ရန်ပန္နက်တင်အခမ်းအနား ကျင်းပ

ကော့ကရိတ်၊ ၂၃  ဇန်နဝါရီ  

ကရင်ပြည်နယ် ကော့ကရိတ်မြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်အစိုးရ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ကော့ကရိတ် မြို့နယ်မှ မိုးလုံလေလုံအားကစားရုံ ပေ(၁၂၀×၉၀) တည်ဆောက်ခြင်း ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ဇန်နဝါရီ ၂၃ ရက် နံနက် ၉နာရီက အမှတ်(၃)ရပ်ကွက်၊ ပန်းခြံလမ်းရှိ မြို့မအားကစားကွင်းတွင် ကျင်းပသည်။

ပန္နက်တင်မင်္ဂလာအခမ်းအနားတွင် ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဒေါ်နန်းသူဇာဝင်း၊ ကရင် ပြည်နယ်လူဝန်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်၊ ကရင်ပြည်နယ် ပအိုဝ်း တိုင်းရင်းသားရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့်တာဝန်ရှိသူများက လုပ်ငန်းတည်ဆောက်မည့် သတ်မှတ်နေရာအား ပန္နက်တိုင်ရိုက်ခြင်းနှင့် အမွှေးနံ့သာများ ပက်ဖျန်းပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ကြသည်။   

အဆိုပါ   မိုးလုံလေလုံအားကစားရုံသည် ပေ(၁၂၀×၉၀)ရှိ steel structure Building ဖြစ်ပြီး HTUT&FAMILY ကုမ္ပဏီက ငွေကျပ်  (၂၉၄၈.၂၂၀) သန်းဖြင့်အကာင်အထည်‌ဖော်ေဆာင်ရွက်သွားမည် ဖြစ်‌ေကြာင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)