ကျောက်ပန်းတောင်း တပ်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပုပ္ပားတောင်ကလပ် ကုမာရာ ရာမကျောင်းတိုက်ရှိ သံဃာတော်များအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် တောင်ကလပ်တောင်ပေါ်တွင် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်

ကျောက်ပန်းတောင်း ၃ ဧပြီ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ နယ်မြေခံတပ်မှ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ဧပြီ ၃ ရက် နံနက် ၈ နာရီက ပုပ္ပားတောင်ကလပ်ရှိ ကုမာရာ ရာမကျောင်းတိုက်နေ သံဃာတော်များအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် တောင်ကလပ်တောင်ပေါ်တွင် ပိုးသတ်ဆေးပက်ဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ပုပ္ပါး၁၂

 

COVID-19 အဆုတ်ရောင်ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းတစ်ရပ်အဖြစ် တပ်နယ်မှူးဦးဆောင်၍ အရာရှိ(၇)ဦး၊ အခြားအဆင့် အမျိုးသမီးစစ်သည် (ဆေးတပ်ဖွဲ့ဝင်)များ စုစုပေါင်း (၂၃)ဦး ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ပုပ္ပားတောင်ကလပ်ကျေးရွာ ကုမာရာ ရာမကျောင်းတိုက်ရှိ ဆရာတော် ဘဒ္ဒန္တ ပညာသာမိ အပါအဝင် သံဃာတော် (၁၁)ပါးတို့အား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ဆေးစစ်ခြင်း၊ တောင်ကလပ် တောင်အတက်/ အဆင်းလမ်းများနှင့် အလှူခံဌာနများ၊ နတ်နန်းများ၊ တောင်ထိပ်နန်းများ အစရှိသည်တို့တွင် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

နေအောင်(ပြန်/ဆက်)