ကျောက်ဆည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကာက်ပွဲကို မဲရုံပေါင်း (၂၂၀)ဖြင့် ကျင်းပဆောင်ရွက်သွားမည်

ကျောက်ဆည်    ၂၅     စက်တင်ဘာ

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဲရုံ ပေါင်း(၂၂၀) ဖြင့် ကျင်းပဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံရေးပါတီများ အနေဖြင့်(၇) ပါတီ မှတ်ပုံတင်ထားပြီး ကိုယ်စားလှယ်လောင်း(၂၁)ဦး ဝင်ရောက်အရွေးခံမည် ဖြစ်ကြောင်း မြို့နယ်ရွေးပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးမှ သိရသည်။

 

ကျောက်ဆည်မြို့နယ်အနေဖြင့် ပထမအကြိမ်တွင်မဲစာရင်းများ ထုတ်ပြန်ကြေညာခဲ့သည် မဲစာရင်းအရ မဲဆန္ဒရှင် ဦးရေ ( ၁၉၂၆၉၀)  ရှိပြီး ဒုတိယအကြိမ် ထုတ်ပြန်ကြေညာမည့်  မဲစာရင်းတွင် မဲဆန္ဒရှင်ဦးရေ (၁၉၄၀၈၉ )  ဦး ရှိကာ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည့်နေ့ရက်တွင် ကပ်ထားကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ကျောက်ဆည်မြို့နယ်တွင်  မဲရုံမှူး၊ ဒုမဲရုံမှူး ( ၄၄၀) အား ကိုဗစ်-၁၉  ရောဂါ ကာကွယ် ထိန်းချုပ် ရေးအတွက်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ နှင့်အညီ ၂၀၂၀ ပြည့်နှစ် ၊အောက်တိုဘာလတွင် အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ပို့ချ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နွဲ့နွဲ့ခိုင်  ကပြောပြ၍ သိရသည်။

           

တင်တင်ထွေး(ခရိုင်ပြန်/ဆက်)