ကျောက်ဆည်မြို့နယ် ရတနာမင်းရောင်းဝယ်ရေး သမဝါယမအသင်းမှ ထောက်ပံ့ပစ္စည်းများပေးအပ်

မန္တလေး ၂၃ နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရတနာမင်းရောင်းဝယ်ရေး သမဝါယမအသင်းမှ အသင်းသားများအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါအသင်းရုံး၌ ပြုလုပ်ခဲ့သည်။

အဆိုပါထောက်ပံ့ပစ္စည်းများ ပေးအပ်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်လွင်က ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း အသင်းသား/ အသင်းသူများ စားဝတ်နေရေး အဆင်ပြေစေရန် ထောက်ပံ့ပစ္စည်းများ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ထုတ်ပြန်ထားသော ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ရာတွင် ရတနာမင်းရောင်းဝယ်ရေး သမဝါယမအသင်းမှ အသင်းသားတစ်ဦးလျှင် ဆန်(၃)ပြည်၊ ဆီ(၁)ပိဿာနှုန်းဖြင့် အသင်းသား (၄၃)ဦးအား စုစုပေါင်း တန်ဖိုး(၄)သိန်းကျော် ထောက်ပံ့ခဲ့သည်။ ထောက်ပံ့ပေးအပ်ရာသို့ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်လွင်နှင့် ဝန်ထမ်းများ၊ အသင်းဉက္ကဋ္ဌ ဦးဖုန်းကျော်နှင့် အမှုဆောင်များ၊ အသင်းသား အသင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)