ကျောက်ဆည်မြို့နယ် ကျေးရွာသုံးရွာတွင် သောက်သုံးရေဖူလုံစေရေး အကောင်အထည်ဖော်လျက်ရှိ

ကျောက်ဆည်  ဒီဇင်ဘာ ၈

           

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများတွင်   ၂၀၂၁-၂၀၂၂ ခြောက်လဘဏ္ဍာနှစ်    ခွင့်ပြုရန်ပုံငွေကျပ် သန်းလေးဆယ်ကျော်ဖြင့် ကြောင်၊ သင်တောင်း၊ ရှားပင်ကျေးရွာများတွင် သောက်သုံးရေဖူလုံစေရေး အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

           

ထိုသို့ဆောင်ရွက်ရာတွင် ကြောင်ကျေးရွာ၌ ခွင့်ပြုရန်ပုံငွေ(၁၇.၆၂၁)ကျပ်သန်းဖြင့် ရေဂါလန် (၅၀၀၀)ဆံ့ အုတ်ရေကန်တစ်ကန်၊ အလျား(၅)ပေ၊ အနံ(၅)ပေ၊ အမြင့်(၇)ပေ ရှိ ရေစက်ရုံတစ်ရုံ၊ ကျေးရွာတွင်း ရေသွယ်တန်းခြင်းအတွက် အကျယ်(၂)ပေ (VPC) ရေပိုက်ပေ(၆၀၀၀) ၊ သင်တောင်းကျေးရွာ၌ ခွင့်ပြုရန်ပုံငွေ (၁၆.၇၀၂)ကျပ်သန်းဖြင့် အကျယ်(၂)ပေ အနက်ပေ(၃၀၀) အစမ်းတွင်း တစ်တွင်း၊ အကျယ်(၄)ပေ အနက်(၃၀၀) စက်ရေတွင်းတစ်တွင်း၊ အလျား(၅)၊အနံ(၅)ပေ၊အမြင့်(၇)ပေ ရေစက်ရုံ တစ်ရုံ၊ ရေဂါလန် (၂၄၀၀)ဆံ့ စင်မြင့်ရေစင်တစ်ခု၊ ရှားပင်ကျေးရွာတွင် ခွင့်ပြုရန်ပုံငွေ(၁၃.၃၈၅)ကျပ်သန်းဖြင့် ကျေးရွာအတွင်း ရေသွယ်တန်းရန်အတွက် အကျယ်(၂)ပေ (VPC) ရေပိုက် အရှည်ပေ(၉၂၀၀) နှင့် လိုင်းကျင်းတူးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

           

သက်မောင်(ကျောက်ဆည်)