ကာမူရီ တိုင်ဖုန်း တိုက်ခတ်ပြီးချိန်မှာ သေဆုံးသူ ၁၇ ဦးအထိရှိလာ

၄ ဒီဇင်ဘာ

 

ဖိလစ်ပိုင်နိုင်ငံမြို့တော် တောင်ဘက်ပိုင်းရှိ ပြည်နယ်တွေမှာ ဝင်ရောက်တိုက်ခတ်တဲ့ ကာမူရီ တိုင်ဖုန်း အပြီးမှာ သေဆုံးသူ ၁၇ ဦးအထိရှိလာကြောင်း၊ ကြိုတင်ကာကွယ်မှုနဲ့ မဖြစ်မနေ ယာယီကယ်ဆယ်ရေးစခန်းတွေကို ရွှေ့ပြောင်းပေးခြင်းတွေဟာ ထိခိုက်သေဆုံးမှုကို လျှော့ချနိုင်တဲ့ အဓိက အချက်ဖြစ်ကြောင်း  သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအေဂျင်စီ ဒီကနေ့(ဗုဒ္ဓဟူးနေ့) အတည်ပြုပြောကြားပါတယ်။

 

ဘိုင်ကိုးဒေသမှာ ရေနစ်သေဆုံးတဲ့လူသုံးဦး အပါအဝင် ငါးဦးသေဆုံးပြီး မနီလာမြို့ရဲ့ တောင်ဘက်ပိုင်းမှာ ၁၂ဦး သေဆုံးကြောင်း ဒေသတွင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအေဂျင်စီရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ ဆီးဂိမ်းအားကစားပွဲတော်ရဲ့ အင်္ဂါနေ့မှာ ယှဉ်ပြိုင်ဖို့ စီစဉ်ထားတဲ့ အားကစားပွဲစဉ် တစ်ဝက်ကျော်ဖြစ်တဲ့ ၁၆ ပွဲကို ရက်ရွှေ့ဆိုင်းလိုက်ရကြောင်း သိရပါတယ်။

 

တိုင်းဖုန်းကြောင့် လေကြောင်းနဲ့ ရေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းထားပါတယ်။  လေယာဉ်ခရီးစဉ် ၅၀ဝ နီးပါးကို ဖျက်သိမ်းထားပြီး ရေကြောင်းအသုံးပြုမယ့် ခရီးသည်ပေါင်း ၆၀ဝ၀ နီးပါး ခရီးသွားလာခွင့် တားဆီးခံခဲ့ရပါတယ်။

 

mdn

 

တိုင်ဖုန်းကြောင့် စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ပျက်စီးခဲ့တဲ့အတွက် အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၃ သန်းဖိုး ဆုံးရှုံးကြောင်း၊ လမ်းမကြီး ၁၂ ခုကို အပိုင်းပိုင်းပြီး ပိတ်ထားရသလို တံတားသုံးစင်းကိုလည်း ဖြတ်သန်းခွင့်တွေ ပိတ်ထားရကြောင်း သိရပါတယ်။ 

 

ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ရောက်ရှိနေတဲ့လူ ၃၄၅,ဝ၀ဝ ဦးဟာ အိမ်ပြန်ဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်ကို စောင့်နေရဆဲဖြစ်ပါတယ်။

 

mdn

 

ကာမူရီ တိုင်ဖုန်းဟာ တစ်နာရီကို ၆၇ မိုင်နှုန်းအထိ အားပျော့သွားမယ်လို့ ခန့်မှန်းရပြီး တောင်တရုတ်ပင်လယ်ကို ဦးတည်ကာ ဗုဒ္ဓဟူးနေ့ ညပိုင်းမှာ ဖိလစ်ပိုင်ကနေ ထွက်ခွာမှာဖြစ်တယ်လို့ ဖိလစ်ပိုင်မိုးလေဝသဌာနက ပြောပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံမှာ တစ်နှစ်လျှင် ပျမ်းမျှ တိုင်ဖုန်း အကြိမ်ရေ ၂၀ လောက်ဝင်ရောက် တိုက်ခတ်လေ့ရှိပြီး အင်အားပြင်းတဲ့ တိုင်ဖုန်းတွေဟာ အောက်တိုဘာလကနေ စတင်တယ်လို့ သိရပါတယ်။

 

MDN

AFP

 

mdn