ကြာအင်းဆိပ်ကြီးမြို့၌ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်မှုနည်းပညာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ကြာအင်းဆိပ်ကြီး  ၂၇  ဇန်နဝါရီ

 

တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်မှုနည်းပညာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

8225

 

အလုပ်ရုံဆွေးနွေးပွဲတွင် ကရင်ပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးတင့်ဆန်းက တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်မှုနည်းပညာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို  ရှင်းလင်းပြောကြားသည်။

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို စားသုံးသူများ လုံခြုံစိတ်ချမှုရှိစေရန်၊ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ အကျိုးစီးပွား ကာကွယ်ရေးဆောင်ရွက်ရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိစေရေး ဆောင်ရွက်ရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ အရည်အသွေး စီမံခန့်ခွဲမှုနှင့် သုတေသန ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်ရည်ရွယ်ပြီး ဆွေးနွေးပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

9635

 

အလုပ်ရုံ ဆွေးနွေးပွဲကို ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးရွာများမှ ဒေသခံစိုက်ပျိုးရေး တောင်သူ ၄၅ ဦးတက်ရောက်ပြီး ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ ၃ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးမင်းဦး(ပြန်/ဆက်)