ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အကြို သစ်ပင်စိုက်ပျိုး

နေပြည်တော် ၂ ဇူလိုင်

ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အကြို သစ်ပင်စိုက်ပျိုးခြင်းကို ယနေ့နံနက် ၇ နာရီတွင် နေပြည်တော်၊ မြို့ရှောင် လမ်း(V-4) လမ်း၊ ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ်(၁၃)၊ သစ်တောမြေနေရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့်၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ အလုပ်အမှုဆောင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က မန်ဂျန်ရှားပင်၊ ကျွန်းပင်၊ ပျဉ်းကတိုးပင်၊ ပိ‌တောက်ပင်နှင့် အော်ရေးရှားပင်များကို စိုက်ပျိုးခဲ့ကြသည်။

 

ထို့အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အမျိုးသမီးကော်မတီများကလည်း ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ သက်ဆိုင်ရာဒေသအလိုက် သစ်ပင်များစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်