ဇူလိုင် ၁၃ ရက်တွင် ကိုဗစ် -၁၉ ရောဂါပိုးရှိသူ ငါးဦးထပ်မံတွေ့ရှိ ရောဂါပိုးရှိသူ စုစုပေါင်း  ၃၃၆ ဦးရှိပြီ

နေပြည်တော် ၁၃ ဇူလိုင်

 

ယနေ့တွင်  ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ ငါးဦးထပ်မံတွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း ဦးရေ ၃၃၆ ရှိပြီ ဖြစ်ကြောင်း၊   ထပ်တိုးလူနာ  ငါးဦးမှာ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ လေးဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

 

ရောဂါပိုးတွေ့ရှိသူဦးရေ ၃၃၆ အနက် သေဆုံးသူ  ဦး၊  ပိုးမတွေ့ရှိတော့သူဦးရေ ၂၆ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၂၄ ဦးနှင့် ဇူလိုင် ၁ ရက်မွန်းတည့် ၁၂ နာရီမှ ဇူလိုင် ၁၃ ရက် မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့် လူနာအသစ် ၂၂ ဦးရှိကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။

သတင်းစဉ်