ဇမ္ဗူထိပ်ခေါင် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ ဈေးကွက်တည်ငြိမ်ရေးနှင့် Covid–19 ရောဂါ ထိန်းချုပ်ရေးအတွက် တစ်တပ်တစ်အား ပါဝင်ကူညီ

ဧပြီ ၉

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ဖလံချိုင်ကျေးရွာရှိ ဇမ္ဗူထိပ်ခေါင် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Covid–19 ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ မြို့နယ် သမဝါယမအသင်းစုနှင့် ပူးပေါင်း၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့ အလှူငွေများ ပေးအပ်လှူဒါန်းခြင်းနှင့် ဈေးကွက်တည်ငြိမ်ရေး အထောက်အကူပြု အားဖြည့်ပါဝင်မှုအဖြစ် အဓိကစားကုန် ဖြစ်သောဆန်အပေါ် ဒေသပေါက်ဈေးအောက် (၂)ရာခိုင်နှုန်းလျှော့၍ တန်ဖိုးအပေါ် ဆိုင်းငံ့ကာလ (၁)လအတွင်း အတိုးမဲ့စနစ်ဖြင့်လည်းကောင်း၊ ဆိုင်းငံ့ကာလကျော်လွန်ပါက အတိုးနှုန်း (၁.၅၀)ကျပ်နှုန်းဖြင့် လည်းကောင်း၊ ကုန်ကြွေးစာချုပ် ချုပ်ဆိုဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

 

ထို့ပြင် ရေရှည်အထောက်အကူပြုပေးနိုင်ရန်အတွက် အသင်းတွင် ဆန်တန်ချိန် (၃၆)တန်၊ တင်းပေါင်း (၁၀၈၀)ခန့်အထိ ထွက်ရှိမည့် စပါးများ သိုလှောင်ထားရှိပြီး လိုအပ်သလို ကြိတ်ခွဲဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သမဝါယမဦးစီးဌာနမှ သိရှိရသည်။

 

MDN