ဇမ္ဗူသီရိမြို့နယ်တွင် ငါးမန်းဂိမ်းလောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ

နေပြည်တော်  ၄  ဧပြီ

 

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ငါးမန်းဂိမ်း လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်နေ ဦးကျော်ဦး၏နေအိမ်တွင် ငါးမန်းဂိမ်းလောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ဧပြီ ၃ ရက် ည ၇ နာရီခွဲက နေပြည်တော်မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ ဦးကျော်ဦးမှာ ထွက်ပြေးသွားခဲ့ပြီး နေအိမ်အတွင်း၌ အဆိုပါရပ်ကွက်နေ မင်းမင်း၊ မောင်ကျော်၊ စန်းမြင့်နှင့် အောင်ထွန်းတို့ (၄)ဦးအား  ငါးမန်းဂိမ်းလောင်းကစားရာတွင် အသုံးပြုသည့် ငါးမန်းဂိမ်းစက် (၃)လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ ဖမ်းဆီးရမိသဖြင့် ဦးကျော်ဦးနှင့် မင်းမင်းပါ (၄)ဦးအား ဇမ္ဗူသီရိမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား