ဇလွန်မြို့တွင် အစိုးရပါဠိ ပထမပြန် စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဇလွန်   ၆   ဇူလိုင်   

 

ဧရာဝတီတိုင်းဒေသကြီး  ဇလွန်မြို့နယ်တွင်၂၀၂၀ ပြည့်နှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည် ။

 

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်က အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆို ရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

 

စာမေးပွဲကို ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးဝန်းအတွင်းရှိ မဟာအတုလ ဝေယံ ပြည်တော်ပြန် သာသနာ့ဗိဗာန်တော်ကြီးတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဆွမ်း ၊ ကွမ်း ၊ အလှူရှင်များ ဆက်ကပ် လှူဒါန်းနိုင်ရေးနှင့် အလှူရှင်သစ်များ ပါဝင်လှူဒါန်းနိုင်ရေးတို့ကို ဆွေးနွေး ပြောကြားခဲ့သည်။

 

၂၀၂၀ပြည့်နှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲတွင် ဇလွန်မြို့နယ်အတွင်းရှိ စာဖြေသံဃာ ပထမကြီးတန်း ၁၄ ပါး ၊ ပထမလတ် တန်း ၂၂ ပါး ၊ ပထမငယ်တန်း ၃၆ ပါး ၊ မူလပထမတန်း ၄၆ ပါး ၊ စုစုပေါင်း (၁၁၈)ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

 

ဝေယံ - ငွေသန်း (ဇလွန်)