ဇလွန်မြို့နယ်တွင် မိုးကြိုးပစ်ခံရ၍ အမျိုးသား(၂)ဦးသေဆုံး

နေပြည်တော် ၁၆ အောက်တိုဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ ချောင်းကြီးကျေးရွာနေ ထိန်လင်း (၃၂)နှစ်ပါ အမျိုးသား ၂ ဦးသည် အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီက ကျေးရွာအနီးရှိ ကိုင်းအတွင်း၌ အလုပ်လုပ်နေစဉ် မိုးကြိုးပစ်ခတ်ခဲ့၍ ၎င်းတို့ ၂ ဦးတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သောကြောင့် ဇလွန်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၁၉/၂၀၁၉) ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

MDN