ဟုမ္မလင်းမြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်တို့တွင်  တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော်၊   ၂၂   ဇန်နဝါရီ 

ပြ‌ည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ ချက် အရ ဇန်နဝါရီ ၂၀ ရက်တွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊   မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟုမ္မလင်းမြို့နယ်၊ မှိုတောက်ကျေးရွာအနီး  တရားမဝင် ကညင်သစ် (၇၄ ဒသမ ၃၃၄၀)တန်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းအနောက်ရပ်ကွက်၊ အထက်ကမ်းနားလမ်းနှင့် အောက်ကမ်းနား လမ်းကြား၊ ကြင်းတော်ယန် တရုတ်ဘုံကျောင်းရှေ့ရှိ ဒူးကြားလမ်းနှင့် ဘောဂကြီး ရေယာဉ်ဆိပ်ကမ်းမှ တရားမဝင် ကျွန်းသစ် (၁၈ ဒသမ ၂၁၂၆) တန်၊ ပြစ်မှုကျူးလွန်သူ နှစ်ဦး၊ မော်တော်ယာဉ် တစ်စီးတို့ကို ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ညီညီသန်း(နေပြည်တော်)