ဟုမ္မလင်းမြို့အနီး အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်

နေပြည်တော် ၁၅ ဒီဇင်ဘာ

ယနေ့နံနက် ၁၀ နာရီ ၂၃ မိနစ်တွင် ဟုမ္မလင်းမြို့၏ အရှေ့-အရှေ့မြောက်ဘက် (၁၈)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃ ဒသမ ၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။

အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် (၂၄.၉၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၂၁)ဒီဂရီ၊ အနက်(၉၈) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်။

MDN