ဟင်္သာတ ၂၅ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်အ သင်းစုမိသားစုများ စုပေါင်းပြီး ကိုဗစ်-၁၉ ကာလတွင် အနှေးယာဉ်လုပ်သားကြီး များ တစ်ဖက်တစ်လမ်းမှ အထောက်အ ကူဖြစ်စေရန် ရည်ရွယ်၍ စားသောက်ကုန်များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်(၉)နာရီက အဆိုပါ ရုံးရှေ့ရှိ ပါဆယ်လမ်းမကြီးပေါ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးအပ်လှူဒါန်းရာတွင် မြို့နယ်သမဝါယမ ဦးစီးမှူးဦးကြည်လင်၊အသင်းစု ဥက္ကဋ္ဌ ဦးခင်မောင်ကြည်နှင့် အဖွဲ့ဝင်များက တစ်ဦးလျှင် ဆန်(၁)ပြည်၊ ဆီ (၅၀)ကျပ်သား၊ ကြက်သွန်နီ(၅၀) ကျပ်သားနှင့် စားတော်ပဲ(၂)ဘူး နှုန်းဖြင့် အနှေးယာဉ်လုပ်သား (၂၀ဝ) တို့ လက်ဝယ်သို့ ပေးအပ် လှူဒါန်းခဲ့ကြသည်။
အလားတူ သမဝါယမ မိသားစု စုပေါင်းအဖွဲ့က ဟင်္သာတ(ဘိုးဘွားရိပ် သာ)နှင့် ခိုလှုံရာ ခိုကိုးရာမဲ့ ဘိုးဘွားရိပ်သာတို့ကို ဆန်(၁)အိတ်၊ ဆီ(၅၀) ကျပ်သား(၁)ဘူးနှင့် စောင့်ကြည့်ရေး စင်တာ(၃)နေရာရှိ Volunteer များနှင့် Quarantine ဝင်နေရသူ စုစုပေါင်း(၁၀ဝ) ခန့်အတွက် အချိုရည်နှင့်မုန့်များကို သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)