ဟင်္သာတမြို့နယ်ရှိ ‌စောင့်ကြည့်ရေး စင်တာ(၂)နေရာနှင့် တိုက်နယ်ဆေးရုံတစ်ရုံအတွက် ကာကွယ်ရေး လုပ်ငန်းသုံး ပစ္စည်းများလှူဒါန်း

ဟင်္သာတ ၇  ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ၁၄ ရက်‌ စောင့်ကြည့်ရေး စင်တာ(၂)နေရာနှင့် တိုက်နယ်ဆေးရုံတစ်ရုံအတွက် ယနေ့ နံနက်ပိုင်းက 11 Family ပရဟိတ လူငယ်များအဖွဲ့ (ရန်ကုန်)က ကာကွယ်ရေးလုပ်ငန်းသုံးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါအဖွဲ့က ဓမ္ဘီတိုက်နယ်ဆေးရုံနင့် ယုန်သလင်း(အထက) စောင့်ကြည့်ရေးစင်တာ၊ တလုထ္တော် (အထက) စောင့်ကြည့် ရေးစင်တာတို့တွင် အသုံးပြုရန် PPE(၃၀)စုံ၊ နှာခေါင်းစည်း ခုရေ (၅၀ဝ)၊ V 410 mask(၅၀)ခု၊ လက်အိတ် (၃၀ဝ)ခု၊ HandGel 500ml(၃)ဗူး၊ N-95 နှာခေါင်းစည်း ခုရေ (၈၀)နှင့် Yum Yum ခေါက်ဆွဲခြောက်ဖာ (၃)ထုပ်တို့ကို လှူဒါန်းပေးခဲ့ကြခြင်းဖြစ်သည်။

 

ရန်ကုန်မြို့ အပါအဝင် အခြားစေတနာရှင်ပြည်သူများနှင့် 11 Family ပရဟိတ လူငယ်များအဖွဲ့ (ရန်ကုန်)တို့ ပူးပေါင်းလှူဒါန်းပေးခြင်းဖြစ်ပြီး ပြီးခဲ့သည့် မတ်လ ၂၉ ရက်ကလည်း ဟင်္သာတမြို့နယ်ရှိ စောင့်ကြည့်ရေး စင်တာ(၂)ခုတွင် လှူဒါန်းမှုများ ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

 

ကျော်ကျော်(ပြန်/ဆက်)