ဟန်ဒါဆန်မှာ ကြံ့ခိုင်မှု မပြည့်ဝခြင်းနဲ့အတူ ဒဏ်ရာပြဿနာများကြောင့် လီဗာပူး အခက်ကြုံဖွယ်ရှိ

၁၆ နိုဝင်ဘာ

 

အင်္ဂလန်အသင်းနဲ့ ဘယ်လ်ဂျီယံအသင်းတို့ရဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို ဒုတိယပိုင်းမှာ ဟယ်ရီဝင့်နဲ့ လူစားလဲခံရတာက ကြံ့ခိုင်မှု မပြည့်ဝခြင်းကြောင့်ဖြစ်ကြောင်း  အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ဆိုခဲ့ပြီးနောက်မှာတော့ လီဗာပူးအသင်းရဲ့  ဒဏ်ရာပြဿနာတွေက မျှော်မှန်းထားတာထက် ပိုမို ဆိုးရွားနေကြောင်း  ဂိုးလ်ဒေါ့ကွန်းက ဆိုပါတယ်။

 

ဟန်ဒါဆန်အနေနဲ့  အချိန်ဘယ်လောက်ကြာအောင် အနားယူဖို့  လိုအပ်သလဲဆိုတာ အသေးစိတ် အသိရသေးပေမယ့် ဒဏ်ရာရကစားသမားတွေ များနေတဲ့ လီဗာပူးအတွက်တော့ အသင်းခေါင်းဆောင် ဟန်ဒါဆန်ရဲ့ ကြံ့ခိုင်မှု မပြည့်ဝတဲ့ ပြဿနာက အတော်ကို ဆိုးရွားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ လီဗာပူးနောက်တန်းမှာ ဗန်ဒိုက်၊ ဂျိုးဂိုးမက်ဇ်တို့ ဒူးဒဏ်ရာရရှိနေချိန် အာနိုးနဲ့ ရောဘတ်ဆန်ကလည်း  ကစားပေးနိုင်ဖွယ်မရှိတာကြောင့် လီဗာပူးနောက်တန်းမှာ ဒဏ်ရာပြဿနာတွေ ဆက်တိုက် ဆိုသလို ကြုံတွေ့နေရပါတယ်။အလားတူ ဆာလာက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ကွင်းလယ်ကစားသမား အယ်လ်ကန်တာရာနဲ့ ချိန်ဘာလိန်တို့ကလည်း ဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်ဖွယ်မရှိတာကြောင့်  လက်စတာကို ရင်ဆိုင်မယ့် လီဗာပူးအသင်း လူစာရင်းဟာ  စိုးရိမ်စရာဖြစ်နေပါတယ်။

 

မေလဲ့သင်း